ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

လှိုင်းဘွဲ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်(၄) ရပ်ကွက်နှင့် စည်ပင်သာယာနယ်နိမိတ်အပိုင် စံပြကျေးရွာများအတွက် လမ်း၊ တံတား၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရပ်ကွက်များနှင့်စံပြကျေးရွာများအတွက် ကွန်ကရစ်လမ်းခင်းခြင်းနှင့်မြေသားမြှင့်တင်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ ၁၃၇ ဒဿမ ၈၆၀ ကျပ်သန်း၊  ရပ်ကွက်များအတွင်း၌ Box Culvert တံတာဆောက်လုပ်ခြင်းအတွက် ၁၂ ဒဿမ ၈၀၀ ကျပ်သန်း၊ ရပ်ကွက်များနှင့်ကျေးရွာများ၌ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ မြောင်းအဖုံးပါအုတ်စီရေမြောင်း ပလက်ဖောင်းပြုလုပ်ခြင်း၊ (ဂ)ရပ်ကွက်အတွက် ဂါလံ(၅၀၀၀)ဆံ့ RC အုတ်ရေကန်(၁)လုံး ပြုလုပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ်တည်ဆောက်ခြင်းနှင့် အရန်ကတ္တရာ(၃) တန်ဝယ်ယူခြင်းလုပ်ငန်းများအတွက်   ၃၉၂ ဒဿမ ၃၁၈ ကျပ်သန်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေ  စုစုပေါင်းငွေ ၅၄၂ ဒဿမ ၉၇၈ ကျပ်သန်းဖြင့် မြို့၊ ရွာများသန့်ရှင်းသာယာ လှပဖွံ့ဖြိုးစေရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးကျော်နိုင်ဦးထံမှ သိရသည်။

စောဒိ( ပြန်/ဆက်)