ဂန့်ဂေါ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းသား/ကျောင်းသူ လေးများက “ပညာရေးစုံညီပွဲတော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးညွန့်အောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကျောင်းတွင်းပညာရည်ချွန်ဆုရရှိသူများအား ခရိုင်ပညာရေးမှူးရုံး၊ ဦးစီးအရာရှိ ဦးမျိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းသား/ကျောင်းသူလေးများက “အလှကမ္ဘာမြေ” သီချင်း၊ “ချင်းရိုးရာ” သီချင်း၊ “ရွှေရိုးမှာလည်း အသည်းနဲ့ပါ” သီချင်း၊ “ပန်းကမ္ဘာမျှော်စင်” သီချင်း၊ “တောင်ယာဝင်ချိန်” သီချင်း၊ “ဗိုလ်အောင်ဒင်နှင့်မမြဝင်း” သီချင်းနှင့် “ထာဝရသစ္စာ” သီချင်းများဖြင့် တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ပညာရေးမှူးရုံး၊ ဦးစီးအရာရှိ ဦးမျိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးညွန့်အောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”တေးသီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အလားတူ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)တွင်လည်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)