သရက်မြို့၌ တောင်မင်းတည်း မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

သရက် ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အခြခံပညာမူလတန်းကျောင်း တောင်မင်းတည်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်သဲအိက တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း စီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား “ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာနေပြီလာ၊ ချောင်းဆိုးရင် သွေး၊ သလိပ် ပါနေသလား၊ တငွေ့ငွေဖျားပြီး ညဘက် ချွေးအလွန်ထွက်နေပါသလား၊ အစာစားချင်စိတ်မရှိ ဖြစ်နေပါသလား၊ ကိုယ်အလေးချိန် လျော့ကျသွားပါလား၊ ကျော(သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်း ဂျိုင်း(သို့)ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား” စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)