ကန့်ဘလူ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဆိုင်ကယ်များ၌ ပါဝါအိတ်ဇော တပ်ဆင်စီးနင်းမှုမရှ ိစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲခန့်က ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် မြောက်ဘက် စည်ပင်သာယာလမ်းမပေါ်တွင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထိုသို့ကဲ့သို့ ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြင့်အောင် နှင့် တပ်ဖွဲ့ ဝင်များ ၊မြို့ပေါ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာများအား အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆိုင်ကယ်များ၌ ပါဝါအိတ်ဇော တပ်ဆင် စီးနင်းခြင်း များ မပြုလုပ်ကြရန်တိုကို ဆွေးနွေးပြောကြားခဲ့ကြသည်။
” ဒီလိုဆောင်ရွက်တာ ကောင်းပါတယ်။ ဆိုင်ကယ်တွေရဲ့ ဆူညံသံတွေကြောင့် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်ကြရသလို သက်ကြီးရွယ်အိုများ၊ ရောဂါဝေဒနာ ခံစားနေရသူများ ရောဂါ ဝေဒနာတိုးမှာစိုးရပါတယ် ” ဟု အမှတ်(၂)ရပ်ကွက်နေ ဒေသခံတစ်ဦး ကပြောကြား သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)