ဆိပ်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများထံသို့ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ယနေ့နံနက်ပိုင်းက သွားရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းဦးဆောင်၍ သက်ဆိုင်ဌာနအဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဒေသခံပြည်သူများထံသို့သွားရောက်၍ နေ့စဉ်ချက်ပြုတ်စားသောက်မှု အဆင်ပြေဆောင်ရွက်နိုင်စေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန်အတွက် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြစ်သည့် စားသုံးဆီတစ်ပိဿာလျှင် (၈၃၀၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)