နတ်မောက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်း အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ပေးသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက စိတ်အပန်းဖြေပျော်ရွှင်စေရန်၊ ဉာဏ်ပညာများ တိုးတက်မြင့်မားစေရေး၊ စာဖတ်သည့် အလေ့အထများဖြစ်စေ ရန်၊ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်းအစီအစဉ်ကို နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ ဒေါ်တင်ပပခိုင် (အငယ်တန်းစာရေး)က ကိုလင်းရေးသားသည့် “ကိုယ်စီတန်ဘိုး” စာအုပ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
မူမူစန်း