နတ်မောက်မြို့တွင် ကြက်မွေးမြူရေးလုပ်ငန်းသုံး ဝါးအုပ်ဆောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

နတ်မောက် ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ ဝင်ငွေရရှိရန်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုရသော ဝါးအုပ်ဆောင်းများ တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဝါးအုပ်ဆောင်းရက်လုပ်သူထံမှ သိရသည်။

ဝါးအုပ်ဆောင်းများ ရက်လုပ်ရာတွင် ရှေးဦးစွာ ဝါးကိုခွဲခြမ်းစိတ်ဖြာပြီး သေချာစွာစနစ်တကျလိုသလောက် ပုံစံအတိုင်း ရက်လုပ်ရကြောင်း၊ ဝါးအုပ်ဆောင်းတစ်ခုကို နှစ်ရက်ခန့် အချိန်ယူ၍ ရက်လုပ်ရကြောင်း၊ ဝါးတစ်လုံးကို (၂၀၀၀) ကျပ်ဝယ်ယူရကြောင်း၊ ဝါးအုပ်ဆောင်းတစ်ခုလျှင် အရွယ်အစားပေါ်မူတည်၍ (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိ ရောင်းရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ ဝါးအုပ်ဆောင်းလုပ်ငန်းရက်လုပ်သူ ဦးတင်ဦးထံမှ သိရသည်။

လှဝင်း