မြို့သစ်မြို့၌ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် RCC (၂) ထပ်ဆောင်ဆောက်လုပ်ခြင်း (၃ဝ) ရာခိုင်နှုန်းကျော်ပြီးစီး

မြို့သစ် ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် တွင်မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် (၁၀၀×၃၀) RCC (၂) ထပ်ဆောင် အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းများ ၃ဝ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး (၁၀၀×၃၀) RCC (၂) ထပ်ဆောင် အဆောက်အဦသစ် တည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေ (၃၃၀ ဒဿမ ၀၀) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည့် ULTRA Company Limited ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ (၃ဝ) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးတို့ကိုလည်း မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)