ဆိပ်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ပတ္တမြားဈေး မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေများစစ်ဆေးခြင်း၊ ဈေးဆိုင်ခန်းများ၌ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းထားရှိခြင်း၊ ဈေးပတ်ဝန်းကျင်နှင့် ဈေးဆိုင်ခန်းများ၌ အမှိုက်သရိုက်များ မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများအား ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)