ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများကျင်းပ

ညောင်တုန်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊  ရေလဲကမ်းနား အခြေခံပညာမူလတန်းကျောင်းနှင့် မြေနုအခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာပေဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူရေးရာအသိပညာပေး အကြောင်းအရာများဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်‌ရေး အသိပညာပေး‌အကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အခြေခံအားကစားနည်းစနစ်များကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)