ရွှေတောင်မြို့နယ်တွင် သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုနယ်လှည့်အဖွဲ့ရွေ့လျားဆေးကုသယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ရွှေတောင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အနေဖြင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၁၉၇၅) ဦးရှိပြီး ရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းများအား မြို့နယ်လူမှုဖူလုံရေးစီဦးဌာနနှင့် သက်ဆိုင်ရာ ဆရာဝန်များက ဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးရာ နာမည်စာရင်းရေးသွင်းပြီး B.P/Height/ Weigh ချိန်ခြင်း၊ Computer စာရင်းသွင်းခြင်း၊ ဆရာဝန်ပြသခြင်း၊ ဆေးဝါးများ ထုတ်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် E.C.Gဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)