ရွှေသောင်ယံ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁၁၂) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီက ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ အ-မ-က(၁၁၂) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူးမှ ယခုလိုဆုပေးပွဲအခမ်းအနားများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ဓာတ်ခွန်အား ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ အမှတ်(၁၁၂) အခြေခံပညာမူလတန်းကျောင်းအနေဖြင့် နှစ်စဉ်နှစ်တိုင်း ပညာရည်ချွန်ဆုပေးပွဲများကို အားတက်သရော ကျင်းပပေးသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများအတွက်၊ ပညာရည်ချွန်ဆုများ၊ အားကစားဆုများစသည်ဖြင့် ကာယ၊ ဉာဏဆုများကို ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)