တောင်တွင်းကြီး ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ထိန်း/အထွေထွေပုံလျှံ ရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဝင်းမိုးထိုက်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီလုပ်ငန်းပြီးစီးနိုင်ရေးနှင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံငွေရင်း/ပြင်ထိန်း/အထွေထွေ ပိုလျှံရန်ပုံငွေ (၇၉၉.၇၉၈) သန်းဖြင့် မြေနီ (၁၉/၃.၂) မိုင်၊ box culvert (၃)စင်း၊ ကွန်ကရစ်တံတား (၁၀)ပေ (၁)စင်း၊ မြေကာနံရံ (၁)စင်းအား လုပ်ငန်းတင်ဒါ၊ ပစ္စည်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ (၇၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးပါက ကျေးရွာ (၅၃)ရွာ၊ အိမ်ထောင်စု (၉၅၁၈)စု၊ လူဦးရေ (၅၀၀၅၀)ဦးတို့အတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)