ငါးသိုင်းချောင်းမြို့တွင်ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ ရောင်းချ

ငါးသိုင်းချောင်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယမန်နေ့နံနက် (၇) နာရီမှစတင်၍ မြို့မစျေးအနီးရှိ စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ၊ အရောင်းဒိုင်များပူးပေါင်း၍ ကြက်ဥတစ်လုံး (၃၈၀) ကျပ်ဖြင့် အလုံး (၆၀၀) အား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)