မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြန်အောင်  ဒီဇင်ဘာ

မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လမ်းတံတားနှင့်အခြားလုပ်ငန်းများအား ယမန်နေ့နံနက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်  ကနောင်ဈေး သားငါးတန်းဈေးရုံဟောင်း ပျက်စီးနေမှုနှင့် လမ်းတံတားနှင့်အခြားလုပ်ငန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့်အတူ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးသိန်းဝင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာဦးရဲစိုးတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)