နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူ များအား စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဆိုပါ ကျောင်းတွင် စာအုပ်စာစောင်များ ငှားရမ်းပေးရာ၌ ကျောင်းသား/သူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေး အတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန်ရည်ရွယ်၍ ကျောင်းသား/သူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသ မဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်များပြန်လည်အပ်နှံခြင်းနှင့် အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုကြွယ်ဝစေရန်နှင့် စာပေလေ့လာမှု စွမ်းရည်ပိုမိုကောင်းမွန်စေရန် အခြေခံပညာရေးကျောင်းများသို့ အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မူမူစန်း