မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်က ပူးပေါင်းအဖွဲ့များမှ မြို့နယ်ပေါ်ရပ်ကွက်များ၊ မြို့မဈေးလမ်းဆုံနှင့် လူစည်းကားရာနေရာတို့တွင် ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းခဲ့သည်။ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် အိမ်နှင့်ခြံဝန်းအတွင်း အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများစနစ်တကျထား ရှိရန်၊ မီးသတ်ဆေးဘူးများလုံလောက်စွာဆောင်ထားရန်၊ လောင်စာဆီများမသိုလှောင်ရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရှိရန်၊ အထပ်မြင့်တိုက်များမီးလောင်လျှင် နီးစပ်ရာမီးသတ်စခန်းသို့ အမြန်ဆုံးအကြောင်းကြာရန်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရ လျှင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လျှပ်စစ်ဓာတ်အားသုံးလျှင် ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများ အသုံးမပြုရန်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက်ပိုမိုအသုံးမပြုကြရန်၊ မီးသတ်ဆေးဘူး အသုံးပြုပုံများစသည့် အချက်များ မြို့နယ်နေပြည်သူများ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်းများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းဖြစ်ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)