သံတောင်ကြီးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

သံတောင်ကြီး ဇန်နဝါရီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ Grade -9 ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး သံတောင်ကြီးမြို့ အ.ထ.က ကျောင်းအုပ် ဒေါ်လိုအေးက ပညာရေးစုံညီပွဲတော် ပြုလုပ်ခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆုရကျောင်းသားကျောင်းသူများနှင့် အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

နော်နော်မူ (ပြန်/ဆက်)