ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းရွာသစ် ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်အား ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းအုပ်စုဘောလုံးပြိုင်ပွဲတွင် ရှမ်းရွာသစ်မြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၆)ကျောင်းမှ ကျား(၇)သင်း၊ မ (၄) သင်း စုစုပေါင်း(၁၁)သင်းဖြင့် ဇန်နဝါရီလ (၅)ရက်နေ့မှစ၍ ဇန်နဝါရီလ(၈) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ၊ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ရှေတန်းကစား သမားဆု၊ အလယ်တန်းကစားသမားဆု၊ နောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့်  ပထမ၊ ဒုတိယ၊ တတိယဆုများကိုလည်း ဘောလုံးပြိုင်ပွဲအပြီးတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲသည် ယခုနှစ်ဆိုလျှင် တတိယအကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူ  တစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)