ဘိုကလေးမြို့နယ်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် သင့် (၄) သင့်ဖြင့် အမြဲရှိစေရေး လေ့ကျင့်ဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း မီးလောင်မှုဖြစ်ပွားပါက လွယ်ကူလျင်မြန်ထိရောက်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဇန်နဝါရီ (၇) ရက် ညနေ (၄) နာရီ အချိန်တွင် လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်စသော သင့် (၄) သင့်ဖြင့် အမြဲရှိစေရေး ဘိုကလေးမြို့၊ အမှတ် (၅) ရပ်ကွက်၊ မီးသတ်ရေကန်တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

လေ့ကျင့်ဆောင်ရွက်ရာတွင် ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အတူ တပ်ဖွဲ့ဝင်များက သင့် (၄) သင့်ဖြင့် ညီညွတ်ရေး လေ့ကျင့်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယခုပွင့်လင်းရာသီတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ နှိုးဆော်မှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)