ငဖဲ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေကိုလမ်းဖွင့်ပေးပါ”စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် (Book Club) အဖွဲ့ဝင် မောင်ဘုန်းမြတ်ညီက စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေကိုလမ်းဖွင့်ပေးပါ”စာအုပ်မှ “အလုပ်လုပ်ကြတဲ့အခါ”ဆောင်းပါးပါ လူငယ်များမိမိဝါသနာပါရာနှင့် ကိုယ်လုပ်သည့်အလုပ် တကယ်မကိုက်ညီသည့်အခါ လုပ်နေသော်လည်း စိတ်နှစ်ပြီးမလုပ်နိုင်သည့်အခါ၊ ရှေ့ဆက်တက်လမ်းမရှိသည့်အခါ ရဲရဲဝံ့ဝံ့ရုန်းထွက်ရမှာဖြစ်ပြီး ကိုယ်လုပ်ချင်သည့်လုပ်ငန်း၊ ပတ်ဝန်းကျင်ကိုရွေးချယ်၍ လုပ်မည့်အလုပ်ကို သေသေချာချာဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်ဖြစ်ကြောင်းနှင့် မောင်အောင်ကိုကိုက “မနက်ဖြန်ကို ပိုလှစေမယ့် နည်းလမ်း(၇)သွယ်”ပါ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။၊
ငဖဲမြို့နယ်ရုံးအနေဖြင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူ၊ စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)