ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား(Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းဆောင်ရွက်

ဘုတ်ပြင်း ဇန်နဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၆ ရက်နေ့က အလယ်မန်ကျေးရွာ ဓမ္မာရုံ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက ကျေးရွာနေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူမှု အခြေအနေများအား ကြည့်ရှုအား‌‌ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က (Biometric Data)ကောက်ယူနေမှု အ‌ခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့်နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် UID နံပါတ်များသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဘုတ်ပြင်းခရိုင်အတွင်း  စာရင်းကောက်ယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ ကျား(၄၇၉၇)ဦး ၊မ(၄၈၀၆)ဦး စုစုပေါင်း(၉၆၀၃)ဦးတို့၏ အချက်အလက်များ ကောက်ယူ‌ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိ‌နေသည့်ပြည်သူများ၏ အချက်အလက်များကို ဆက်လက်ကောက်ယူ ဆောင်ရွက်လျက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)