သရက်မြို့၌ အခြခံမူလတန်းကျောင်း(ရုံးရပ်)မှ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

သရက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြခံမူလတန်းကျောင်း(ရုံးရပ်)တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား “ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာနေပြီလာ၊ ချောင်းဆိုးရင် သွေး၊ သလိပ် ပါနေသလား၊ တငွေ့ငွေဖျားပြီး ညဘက် ချွေးအလွန်ထွက်နေပါသလား၊ အစာစာချင်စိတ် မရှိဖြစ်နေပါသလား၊ ကိုယ်အေလေးချိန်လျော့ကျသွားပါသလဲ၊ ကျော(သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်း၊ ဂျိုင်း (သို့)ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား” စသည် မေးခွန်းများမေးမြန်း၍ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 ဇော်ထက်(သရက်)