ကျွန်းလှ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၁၉၈၄၇ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၃ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၁၉၈၄၇ ဧက (၁၀၀ ဒသမ ၂၇) ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ပါတယ်။ ကုလားပဲသီးနှံကို သီးသန့်နဲ့ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးကြပါတယ်။ တောင်သူတွေပဲမျိုးစုံသီးနှံကို တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောသည်။
အဆိုပါ ပဲမျိုးစုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ျစရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေးစသည့် စိုက်ပျိုးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအဖြစ် မတ်ပဲ ၁၁၇၂၇ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၄၁ ဧက၊ စားတော်ပဲ ၅၂၇၈ ဧက၊ စွန်တာပြာ ၂၁၃၂ ဧက၊ ပဲရာဇာ ၄၅၁ ဧက၊ စုစုပေါင်း ၁၉၈၄၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)