ရေဖြူ၌ ရှေ့ဟောင်းရေဆူတောင်၊ အံတောင်စေတီတော် ထီးတင်ပွဲနှင့် အနေကဇာတင်ပွဲ ကျင်းပမည်

ရေဖြူ  ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၌ ရေဆူတောင်တွင် အသစ်ပြန်လည်တည်ထားသည့် ရေဆူတောင်စေတီ၊ အံတောင်စေတီတို့တွင် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ (ပြာသိုလပြည့်နေ့)တွင် ထီးတော်များတင်လှူမည်ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့ ဟုအမည်တွင်သည့် ရေဆူတောင်ကို အစွဲပြု၍ ရေဆူဟုခေါ်တွင်ရာမှ ရေဖြူဟု အမည်ပြောင်းလာကြောင်းသိရသည့် တောင်တော်ပေါ်တွင် ရှေးနှစ်ပေါင်းများစွာက တည်ထား ကိုးကွယ်သည့် စေတီနှစ်ဆူရှိခဲ့ရာ ပျက်စီးယိုယွင်းလာ၍ အလှူရှင်များစုပေါင်း၍ အသစ် ပြန်လည်တည်ဆောက်ကြောင်း ‌ဓမ္မမာမကကျောင်းဆရာတော် ဦးဝေပုလ္လထံမှ သိရသည်။

ရေဆူတောင်စေတီ၊ အံတောင်စေတီကို ပြာသိုလပြည့်နေ့တွင် ထီးတော်များ အသစ်ပြန်လည် တင်လှူသွားမည်ဖြစ်ပြီး အေးငြိမ်းချမ်းသာရင်ပြင်တွင် စတုဒီသာ အလှူများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ (ရေဖြူ)