အိမ်မဲမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲ၊စာအုပ်လှူဒါန်းပွဲ ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးမိသားစုတို့က အများပြည်သူဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းသော လူထုသိပ္ပံကျမ်းစာအုပ်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူခံရရှိသော သုတ၊ ရသစာအုပ်များအား အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၆) တိုက်သို့ ပေးအပ်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်ဥပတိရုပ်ကောင်းမွန်စေရေးနှင့် စာကြည့်တိုက်တွင် စာပေဖတ်ရှုသူတိုးပွားလာစေရေး စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက လှူဒါန်းရရှိသောစာအုပ်စာစောင်များကို ကျေးရွာစာကြည့်တိုက် (၆) တိုက်မှတာဝန်ရှိသူများအား ထပ်ဆင့်လှူဒါန်းပေးခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)