ပိုင်ကျုံ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းကို ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများတို့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများနှင့် ပုံမှန်ကာကွယ်ဆေးမျာကိုလည်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ် ၆ ရက်နှင့် ၇ ရက်နေ့တွင် ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)