ကသာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ “ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းယာယီခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း”ဆိုင်ရာ ဂေဟစနစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံးမျိုးကွဲတို့နှင့် အစာကွင်းဆက်၊ အစာကွန်ယက်၊ ဇီဝမျိုးစုံမျိုးကွဲ၏အရေးပါပုံ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးလာရသည့်အကြောင်းအရင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများစသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးခဲ့ကြရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိများက ပြန်လည်ဖြေကြားခဲ့ပြီး “ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း” အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ