မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၉) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူးကိုယ်စား ဒုတိယမီးသတ်ဦးစီးမှူးဦးအောင်ကိုမင်းမှ မီးဘေးအန္တရာယ်နှင့် ဘာဝဘေးအန္တရယ်ကြုံတွေ့လာပါက ‌အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီတုန့်ပြန်ဆောင်ရွက်နိုင်ရန် သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် အခြေခံကြိုးချည်နည်းဘာသာရပ်၊ အသက်ကယ်နည်းစနစ်ဘာသာရပ်၊ အသက်ရှုကိရိယာအသုံးပြုနည်းဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ အသုံးပြုနည်းဘာသာရပ်များအား စာတွေ့လက်တွေ့သင်ကြားပို့ချ‌ ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီးသင်တန်းကာလမှာ ဇန်နဝါရီလ (၆) ရက်နေ့မှ (၃၁) ရက်နေ့ထိ ရသတ္တပတ် (၄) ပတ်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)