POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာမကြီးက မောင်မယ်သစ်လွင်များအား အဖွင့်မိတ်ဆက်စကားပြောကြားပြီး Final Year မှ မောင်ရဲလင်းထက်မှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် First Year မှ မောင်သော်ဇင်ထွန်းက မောင်မယ်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ တေးသရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများ၊ တေးသီချင်းများ၊ နှစ်ပါးသွားအငြိမ့်အကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)