လိပ်သို ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ Robusta ကော်ဖီသီးများ ရင့်မှည့်ချိန် ဈေးကောင်းရရှိလာ၍ စိုက်ပျိုးသူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကော်ဖီသီးများမှာ မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူတည်၍ ရင့်မှည့်ချိန်မတူကြကြောင်း၊ ကော်ဖီသီးများကို အနီရောင်သန်းလာပြီး ရင့်မှည့်မှသာလျှင် စတင်ဆွတ်ခူးကြကြောင်း၊ ကော်ဖီသီးများမှာ စတင်ဆွတ်ခူးချိန် ဒီဇင်ဘာလတွင် အစိုတစ်ပုံးလျှင် ကျပ်(၃၅၀၀ဝိ/-) အထိ ဈေးရရှိခဲ့ပြီး ယခုကော်ဖီသီးများ ကောင်းမွန်စွာ ရင့်မှည့်ချိန် ဇန်နဝါရီလဆန်းပိုင်းတွင် ကော်ဖီသီးအစိုတစ်ပုံးလျှင် (၅၀၀၀ဝိ/-) ကျပ်မှ (၆၀၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသထွက်ကော်ဖီသီးများမှာ အနံ့အရသာ ကောင်းမွန်ခြင်း၊ ကော်ဖီကို နှစ်သက်စွာ သောက်သုံးသူများပြားလာခြင်း၊ ဒေသထွက်လက်ဆောင်အဖြစ် ပေးပို့သူများပြားလာခြင်း၊ ဒေသတွင်း တစ်နိုင်တစ်ပိုင် ကော်ဖီမှုန့် ပြုလုပ်ရောင်းချသူများ ရှိလာခြင်းတို့ကြောင့် ကော်ဖီဝယ်ယူလိုသူ များပြားလျက်ရှိပြီး ကော်ဖီဈေးကွက် ကောင်းမွန်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်(ပြန်/ဆက်)