ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ပြောင်းဖူးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဉယျာဉ်ခြံများတွင်လည်းကောင်း ဟင်းသီးဟင်းရွက်မျိုးစုံကိုရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ဒေသအခေါ် ရှမ်းပြောင်းနှင့် ကောက်ညှင်းပြောင်းကို သုံးရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် စိုက်ပျိုးရေ လုံလောက်ရေးအတွက် မိုးရေ၊ ချောင်းရေနှင့် မြေအောက်ရေတို့ကို ရာသီအလိုက်အသုံးပြုကြကြောင်း၊ ပြောင်းပင်များကို အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးအပင်များ ဝတ်ဆံတည်ချိန်တွင် ဝတ်ဆံများ ကြွေလွင့်ပျက်စီးမှုမရှိစေရန် အထူးဂရုစိုက်ပေးရကြောင်း၊ တစ်ပင်ကို ၅ ဖူးမှ ၆ ဖူးထိ ထွက်ရှိကြောင်း၊ အဖူးလှရန်အတွက် အောက်ဘက်ရှိ ပြောင်းဖူး ၂ဖူး(သို့)၃ဖူးထိ ချိုးပစ်ကြောင်း၊ ဒေသအခေါ်(ရှမ်းပြောင်းဖူး)ဈေးနှုန်းမှာ တစ်ဖူးလျှင်၂၀၀၀ ကျပ်ရရှိကြောင်း၊ ထွက်ရှိသည့် ရှမ်းပြောင်းများကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ အိမ်သို့ကိုယ်တိုင် လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း ရှမ်းပြောင်းစိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူတစ်ဦး ထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)