ကရသူရိမြို့ ၌ ကျောင်းသား/ သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အရုပ်ခေါက်ပြိုင်ပွဲကျင်းပ

ကရသူရိ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အရုပ်ခေါက်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/သူများ၏ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်ရေးနှင့် အတွေးအခေါ်ကောင်းများရရှိရေးပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အရုပ်ခေါက်ပုံအဆင့်ဆင့်တို့ကိုပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများက မိမိစိတ်ကူးပုံဖော်အရုပ်များဖြင့် ယှဉ်ပြိုင်ကြပြီး ရုပ်သံကျွမ်းကျင်-၃က ဆုများရွေးချယ်ကာ ဆုရရှိသူများအား မေတ္တာလက်‌ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့  ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/အလယ် တန်းကျောင်းသား/ သူ(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)