သရက်မြို့နယ်၌ သမဝါယမအသင်းစု လီမိတက်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

သရက် ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ချမ်းမြေ့ငွေကြေးသမဝါယမအသင်းစုလီမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ရွှေဘုံသာခန်းမ၌လည်းကောင်း မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုခန်းမတွင် နေ့လည် (၁) နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် သဘာပတိအသင်းစုဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ အသင်းစုချုပ်ဥက္ကဌ ဦးစံကျော်ဝင်းတို့က လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပြီး အသင်းစုများ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)