ငဖဲ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇင်ပြွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဇင်ပြွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြား၍ ဇင်ပြွန်း အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်တိုးတက်မြင့်မားရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကာယ၊ ဉာဏစွမ်းရည်ဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဉာဏစွမ်းရည်ဆုရရှိသူ (၇၉)ဦး၊ ကာယစွမ်းရည်ဆုရရှိသူ (၈၃)ဦးနှင့် ကျောင်းတက်မှန်ဆုရရှိသူ (၇၁)ဦး စုစုပေါင်း (၂၃၃)ဦးတို့ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျောင်းကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)