ပုသိမ် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု (ဆင့်ပွား)သင်တန်း (Mutilplier Course on Fire Safety Specialist)သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက မီးသတ်တပ်ဖွဲ့ဝင်များ အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ တပ်ဖွဲ့အတွင်း Men Power ၊ Equipment Power များ တိုးတက်လာတာနဲ့အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် တိုးတက်လာပြီး ဌာန၏ ရည်မှန်းချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ရရှိနိုင်စေရန်နှင့် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် အဆင့်မြင့်မီးငြှိမ်းသတ်ရေးဆိုင်ရာ သင်ခန်းစာများ၊ အန္တရာယ်ရှိ ဓါတုဗေဒပစ္စည်းများအကြောင်းနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ တိုးမြှင့်တည်ဆောက်လာတဲ့ စက်ရုံ/အလုပ်ရုံ၊ ဟိုတယ်/ မိုတယ်၊ အထပ်မြင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးနဲ့ အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ရှုထောင့်များမှ အဆောက်အအုံများ၏ Structural Design နဲ့ ကိုက်ညီသည့် ထည့်သွင်းတပ်ဆင် တည်ဆောက်ရမည့် ခေတ်မီ Fire Protection Systemများ အကြောင်းကို ၆.၁.၂၀၂၅ ရက်နေ့မှ ၁၀.၁.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမှ အရာရှိတပ်ဖွဲ့ဝင် (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှမင်းထွဋ်(ပြန်/ဆက်)