ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ Super sun-41 နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ငပုတော ဇန်နဝါရီ ‌၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကာယ်ချောင်း ကျေးရွာ၌ Super -sun 41 နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားကို ယမန် နေ့ ညနေပိုင်းက  သက္ကာယ်ချောင်း ကျေးရွာ‌တောင်သူ ဦးစိုးချစ်၏လယ်မြေ(၂)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ကျော်သူက ဆီထွက်သီးနှံ ဖူလုံမှုရရှိစေရေးအတွက် နေကြာမျိုးစေ့များကို စိုက်ပျိုးရခြင်း ဖြစ်ကြောင်းပြောကြားပြီး ဒေသခံတောင်သူများထံ Super sun-4 နေမျိုးစေ့များကို ပေးအပ်သည်။ ထို့နောက် စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ နေကြာမျိုးစေ့များအား စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)