ကြံခင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား (Pfizer) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ကြံခင်း ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား ယမန်နေ့နံနက်ပိုင်းက  ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ဆေးထိုးစုရပ်သတ်မှတ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာ တာဝန်ကျကျန်းမာရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှတာဝန်ရှိသူများ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက်၊ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သော ပြည်သူ(၃၀၀)ဦးအား ကာကွယ်ဆေး(Pfizer) ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)