ပေါင်းတည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညအထက်တန်းကျောင်း(ပေါင်းတည်)၌ ကျင်းပသည်။
ရှေးဦးစွာ အ-ထ-က(ပေါင်းတည်)ကျောင်းသား၊ ကျောင်းသူလေးများ၏ ပညာပန်းခင်းတေးသီချင်းသီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ထူးချွန်ဆုရကျောင်းများနှင့် ထူးချွန်ဆုရ ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြို့နယ်အဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် အဆို၊ အက၊ အရေးပြိုင်ပွဲများတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အ-ထ-က(မြို့မ)ကျောင်းသား၊ ကျောင်းသူလေးများကစုံညီပွဲတော် တို့နွှဲပျော် တေးသီချင်းဖြင့်သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသိရသည်။
ရွှေသား (ပြန်/ဆက်)