ကျွန်းလှမြို့ တိုင်းလုံးသာယာဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်တွင် တည်ထားကိုးကွယ်ထားသော တိုင်းလုံးသာယာဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

‌ဦးစွာ ကျွန်းလှမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက တိုင်းလုံးသာယစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူကြပြီး ဆရာတော်သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အင်တိုင်းကျောင်းတိုက်ဆရာတော် ဦးဝိနယထံမှာ အနုမောဒနာတရား နာကြားကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတန်းပေးဝေကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)