အောင်လံမြို့၌ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

အောင်လံ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး Campaign များ ဆောင်ရွက်လျက်ရှိရာ၊ (၆.၁.၂၀၂၅)ရက်နေ့တွင် အဖွဲ့ပိုင်မြို့မဈေးကြီး၌ အဆိုပါ Campaign အား ပြုလုပ်ခဲ့ပြီး၊ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ စည်ပင်ကော်မတီများ၊ စုစုပေါင်း(၁၀)ဦးတို့မှ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)