ဝါးခယ်မမြို့နယ်၌ မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့မွန်းလွဲ (၂) နာရီအချိန်က မီးသတ်တပ်ဖွဲ့ဝင်များ၏ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးက သင်တန်းဖွင့်ပွဲမိန့်ခွန်း‌ပြောကြားပြီး မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅)တွင် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ မီးငြှိမ်းသတ်ရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက လူအသင့်၊ ယာဉ်အသင့် ဖြစ်နေစေရေးနှင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်များတိုးတက်စေရေး အစဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)