ငပုတောမြို့နယ်တွင် လူထုကျန်းမာရေးလုပ်ငန်း စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေး‌ပွဲ အခမ်းအနားကျင်းပ

ငပုတော ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လူထုကျန်းမာရေးလုပ်ငန်း စောင့်ရှောက်မှုဆန်းစစ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၁) ဆရာဦးမြင့်ဌေးက အသက်(၂)နှစ်အောက်ကလေးငယ်များကို အဟာရ ပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်နည်းနှင့် ‌မွေးမိခင်များကို မမွေးခင်၊ မွေးဆဲ၊ မွေးပြီး တွင် စောင့်ရှောက်ရမည့် အကြောင်းအရာများကို စာတွေ လက်တွေ သင်ကြားပေးခဲ့ပြီး  နှစ်ချုပ်လုပ်ငန်းများနှင့် လကစ လုပ်ငန်းများအကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူထုကျန်းမားရေး စောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေး‌ပွဲကို ဇန်နဝါရီလ (၆)ရက်နေ့မှ ဇန်နဝါရီလ (၈)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)