ကန်ကြီးထောင့်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းအား ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဦးစွာ သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် သဘာဝဘေးဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ လိုအပ်သည့် ပစ္စည်းကိရိယာများအား တပ်ဆင်အသုံးပြုသည့် နည်လမ်းများ အစရှိသည်တို့ကို ဆက်လက်သင်ကြားပို့ချရာ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၃၅)ဦးတို့က တက်ရောက်ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)