ရွှေသောင်ယံ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးမှူး ဒေါ်အိအိခိုင်ဦးဆောင်၍ ကျန်းမာရေးဆရာမ (၅)ဦးတို့မှ ဆောင်ရွက်ပေးခဲ့ကြသည်။
သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ရာ (အ-ထ-က) ရွှေသောင်ယံမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများလာရောက်၍ ရောဂါရှာဖွေစစ်ဆေးမှု ခံယူခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)