ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ငပုတော ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းကိုဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံတော်အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဥ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်‌ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ (၆)ရက်နေ့မှ စတင်၍  ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး  သန္ဓေမီးသတ်တပ်ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်းသင်တန်းသား (၃၅)ဦးအား  ကြံ့ခိုင်ရေးလေ့ကျင့်ခန်း၊ ကြိုးချည်နည်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ မျောက်ကူးနည်းစနစ်၊ ပက်လက်ကူးနည်းစနစ်၊ ရှဥ့်ကူးနည်းစနစ်၊ နှစ်ယောက်တွဲကြိုးဆင်းခြင်း၊ ဇောက်ထိုးဆင်းခြင်း၊ ခုန်ဆင်းနည်းစနစ်များ၊ သင်ကြားပို့ချသွားမည်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်သူ(ပြန်/ဆက်)