ကြံခင်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အဆင့်ရှာဖွေသင်တန့်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောရာတွင် သင်တန်းသားများအား ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒ(၅)ချက်မှ လုပ်ငန်းစွမ်းရည်၊ လုံခြုံရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်များ ထက်မြက်နေရန်နှင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်အား သိရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရေးအား ရှင်းလင်းပြောကြားပြီးနောက်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
အဆိုပါသင်တန်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်သင်တန်းသား(၃၅)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ(၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးနည်းပညာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)