ပခုက္ကူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ကြီး ဦးမျိုးသက်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ကျောင်းအဆင့် ပညာရည်ထူးချွန်ဆုရရှိသူသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)