ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာ​ပေး​ဟော​​ပြောပွဲများ ဆောင်ရွက်

ချောက် ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့်  ဟောပြောပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ သွားရောက်၍ ယနေ့နံနက် (၉) နာရီမှစ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အမှတ် (၁) အခြေခံပညာမူလတန်း ပုဂံကျောင်းနှင့် အခြေခံပညာမူလတန်းလွန် ရွာဟောင်းကျောင်းတို့တွင်လည်းကောင်း၊ လူငယ်နှင့်ဗလငါးတန်ဖွံ့​ဖြိုး​ရေးခေါင်းစဥ်ဖြင့် အခြေခံပညာမူလတန်းကျောင်း (အုံမြားစု​) တွင် ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့​ဖြိုး​ရေး ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာ​ဆောင်ရွက်သင့်သည့်အချက်များအား ဟောပြောခဲ့​ကြပြီး ကျောင်းသား/သူများအား ပြန်လည်ပြောပြစေခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကာ ဖြေဆိုနိုင်သော ကျောင်းသား/သူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် စာအုပ်စာစောင် ငှာရမ်း​ပေး​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)