အင်္ဂပူမြို့နယ်တွင် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်‌ရေး မွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

အင်္ဂပူ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ‌ထွေထွေအုပ်‌ချုပ်ရေးဦးစီးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့‌နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြိုနယ်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများ စွမ်းဆောင်ရည် တိုးတက်မြင့်မား‌စေရန်ရည်ရွယ်၍ပြုလုပ်သည့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်‌ရေး မွမ်းမံသင်တန်း (၁/၂၀၂၅)ဖွင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းမိုး‌ကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုမီးသတ်ဦးစီးမှူး ဦးဝင်းမိုးကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီးသင်တန်းကို  (၆-၁-၂၀၂၅ရက်နေ့မှ ၂၈-၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား(၃၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)